ပူတာအိုမြို့နယ် ဇီဒမ်း(၂)ကျေးရွာ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်
Feb 06,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် အတွင်း နေရပ်စွန့်ခွာ IDP စခန်းများမှ ပြည်သူများအား ပြန်လည်နေရာချထားပေးသည့် ပူတာအိုမြို့နယ် ဇီဒမ်း(၂) ကျေးရွာ ဘုရားကျောင်း၌ ကျင်းပသည်။