ပျော်ဘွယ် ဖေဖော်ဝါရီ ၆
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာများ၊ လူငယ်များအနေဖြင့် အသိပညာဗဟုသုတပို့မိုဖွံ့ဖြိုးတိုးတက်ရန်အတွက် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများမွေးမြူသွားနိုင်ရေးတို့ကို ဆွေးနွေးဟောပြောသည်။
အခမ်းအနားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ် စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ ဆေးလိပ်၊ ကွမ်းယာ ကင်းစင်မှလူမှုဘဝမြင့်မားရ စသည့်နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)