နွားထိုးကြီး ဖေဖော်ဝါရီ ၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့်ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက်ယမန်နေ့ နံနက်(၁၀) နာရီက သမင်ဘေးကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး မြို့နယ်စီမုံပ်ချုပ်ရေးအဖွဲ့ ဦးအောင်နိုင်ဦးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်များ(၉)ရပ်အား အကျယ်ကျယ် အပြန့်ပြန့်သိရှိစေရေးရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒု-ဦးစီးမှူး ဒေါ်ထိန်ထိန်ဝင်းက ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ PR စနစ်ဖြင့် ဆောင်ရွက်မည့်အစီအစဉ်များအား ပြည်သူများသိရှိ နားလည်အောင်ရှင်းလင်းဆောင်ရွက်ပြီး ဌာနဆိုင်ရာအကြီးအကဲများမှ မိမိတို့၏လုပ်ငန်းနှင့်သက်ဆိုင်သောလုပ်ငန်းများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်