မိတ္ထီလာ ဖေဖော်ဝါရီ ၆
မိတ္ထီလာခရိုင်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံ စိုက်ဧက ၂၃၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထိလာခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် ဆည်ရေ၊ ကန်ရေသောက်နည်းလမ်းအပြင် စက်ရေတွင်းများဖြင့် နွေစပါးနှင့် အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။ ထိုသို့ စိုက်ပျိုးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ဧက ၉၃၀၊ နွေနှမ်းစိုက်ဧက ၇၅ဧက၊ နွေပဲတီစိမ်း ၂၅ ဧက၊ ဝါစိုက်ဧက ၃၇၀ ၊ မလှိုင်မြို့နယ်တွင် နွေစပါးစိုက်ဧက ၁၄ ဧက၊ ဝါစိုက်ဧက ၃၅၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် ဝါစိုက်ဧက ၁၉၈၂ ဧက၊ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၆၈၀၊ နွေနှမ်းစိုက်ဧက ၁၀၉၁၀ ဧက၊ နွေပဲတီစိမ်း ၄၂၇၅ ဧက၊ ငရုတ်စိုက်ဧက ၂၄၆၀၊ ဝါစိုက်ဧက ၇၀၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် ဆည်ရေကန်ရေသောက်စနစ်ဖြင့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၂၃၇၄၆ ဧကကို စိုက်ပျိုးသွားမည်ဖြစ်သည်။
အဆိုပါ ဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများစိုက်ပျိုးနိုင်ရန် ပျိုးထောင်ရေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှစတင်၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
သိန်းမြင့်ကျော်