သတင်းများ

ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြသည်။
တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကျင်းပ
Feb 06,2023
၂၀၂၃-ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                     
လူငယ်များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးစေရန် ကျုံပျော်တွင် လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်
Feb 06,2023
လူငယ်များ ဗလငါးတန် ဘက်စုံဖွံ့ဖြိုးစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန် အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့‌နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နေကြာစိုက်ခင်းများနှင့် ရေပေးဝေရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နေကြာသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သဲကုန်းမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းအဆင့် ဆရာဖြစ် မွမ်းမံသင်တန်း ဖွင့်လှစ်
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းအဆင့် ဆရာဖြစ် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉နာရီက သဲကုန်း အ.ထ.က သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာတက္ကသိုလ်၌ အသိပညာပေးဟောပြောပွဲကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝနာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သာယာဝတီ၌ လုပ်ငန်းခွင်အကြို ဆရာ/ ဆရာမများ ရက်တိုသင်တန်းဖွင့်
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အထက(၁)သာယာဝတီ ပညာ့အားမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီကလုပ်ငန်းခွင်အကြို ဆရာ/ ဆရာမများ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ကျောင်းဝတ်စုံများ လှူဒါန်း
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကျောင်းဝတ်စုံများ ထောက်ပံ့လှူဒါန်းပွဲကို ၃၇ လမ်း၊ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။