မင်္ဂလာဒုံ ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဖိတ်ခေါ်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ကာယဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြတ်မွန်ခင်က ပြည်ထောင်စုနေ့သည် တိုင်းရင်းသားပြည်သူအားလုံးသွေးစည်းမှုကို အခိုင်အမာသက်သေထူနိုင်ခဲ့သည့် နေ့ထူးနေ့မြတ်ကြီးဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ ရောက်ရှိမည်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးသည်အလွန်အရေးကြီးကြောင်းနှင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်ကြီးများ၏ စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်ခဲ့မှုများကြောင့် မြန်မာ့လွတ်လပ်ရေးကြီးရရှိခဲ့ကြောင်း ဟောပြောခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်များနှင့် နံရံကပ်စာစောင်များကို လေ့လာဖတ်ရှုခဲ့ကြပြီးနောက်ကျောင်းသား၊ ကျောင်းသူများအား မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြတ်မွန်ခင်(ပြန်/ဆက်)