ကျောက်ဆည် ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ(၂၈၉)ဧက စိုက်ပျိုးရေပြည့်ဝစွာပေးဝေနိုင်ရေး သင်းတွဲမြောင်းတွင် ရေပြွန် (၅)လုံအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေပြွန်များသည် သင်းတွဲမြောင်းမှ ပေတိုင်အမှတ် (၁၈+၄၂၀)မှ(၂၆+၈၀၀) ရှမ်းတောင်ဦးကျေးရွာနှင့် သပြေသာကျေးရွာအတွင်းရှိ ရေပြွန်များဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၃၅.၀၀၀)ကျပ်သန်းအကုန်အကျခံပြီး အကျယ်(၈)လက်မ၊ အရှည်(၂၀)ပေရှိ သံကူကွန်ကရစ် ရေပြွန်(၁)လုံး၊အကျယ်(၉)လက်မ၊အရှည်(၂၀)ပေ သံကူကွန်ကရစ်ရေပြွန်(၁)လုံးနှင့် (၆)လက်မ အကျယ်၊အရှည်(၂၀)ပေသံကူကွန်ကရစ် ရေပြွန်(၃)လုံး စုစုပေါင်း သံကူကွန်ကရစ်ရေပြွန် (၅)လုံးဖြစ်ကြောင်းနှင့် ရေပြွန်များရေရှည်တည်တံ့ခိုင်မာရေးအတွက် ရေပြွန်နဖူးစီးများတွင် ကျောက်စီခြင်းနှင့် ရေထိန်းရေတံခါးများ တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါရေပြွန်များ ပြန်လည်ပေးခြင်းကြောင့် သီးနှံမျိုးစုံ(၂၈၉)ဧကအား စိုက်ပျိုးရေများပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် မြောင်း၏ အထက်ပိုင်းနှင့်အောက်ပိုင်များအား ညီမျှစွာဖြင့် မြောင်းအဆုံးမြောင်းအဖျားအထိ အခက်အခဲမရှိ စိုက်ပျိုးရေများ ပေးဝေနိုင်ပြီဖြစ်ကြောင်းနှင့် မြို့နယ် ဆည် မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေများပေးဝေရာတွင် လေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့် သီးနှံများအောင်မြင်သည်အထိ စိုက်ပျိုးရေများပေးဝေနိုင်ရေး ဘဏ္ဍာနှစ်အလိုက်မြောင်းများ၊ ပြွန်များနှင့်ရေကျအဆောက်အအုံများ၊မြောင်းရေလျှံထွက်ပေါက်များအား ပြန်လည်ပြုပြင် ပေးလျက်ရှိကြောင်းသိရသည်။
သက်မောင်(ကျောက်ဆည်)