မအီမြို့၌ အသက် ၂ နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Feb 06,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ကျေးရွာအုပ်စုများအတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့်လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် တောင်ကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် ဝန်ထမ်းများက မအီမြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မအီမြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးငယ်များကို ယနေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာန၌ ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့သည်။