သတင်းများ

(၇၆)နှစ်​မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Feb 06,2023
စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၆)နှစ်မြောက် ပြည်​ထောင်စု​နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အမှတ်(၂) အ​​ခြေခံပညာအထက်တန်းကျောင်း​ရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Feb 06,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ တာမွေ(ယာယီ)စျေးတွင် မီးငြှိမ်းသတ်သည့် စက်ကြီးများကို အသုံးပြု၍ လက်တွေ့ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
မိုင်းနောင် အထကကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Feb 06,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
သီပေါမြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍  အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်
Feb 06,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့တွင် ကလေးငယ်များ ရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍  အသက်(၂)နှစ်အောက်ကလေးငယ်များ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဖေဖော်ဝါရီလ (၁)ရက်နေ့က စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီတွင် ဆက်လက်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ဥသျှစ်ပင်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်မူကြိုအဆင့် ကဗျာရွတ်ဆိုနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ
Feb 06,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်မူကြိုအဆင့် ကဗျာရွတ်ဆိုနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ပြုလုပ်ခဲ့သည်။