သတင်းများ

သပိတ်ကျင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းစေရေးဆောင်ရွက်
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးတာဝန်ရှိသူများအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲသည့်ပြည်သူများ လျှပ်စစ်ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး၊ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းစေရေးအတွက် ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဂဟေဆက်သင် တန်းဖွင့်လှစ်
Feb 06,2023
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို၊ယနေ့ နံနက် (၉)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တလင်းကုန်းကျေးရွာအုပ်စု ၊မြေနီကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဘောဇနဆောင်တွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 06,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်မြို့နယ်အဆင့်မူလတန်းဆရာအတက်ပညာလုပ်ငန်းခွင် အကြိုသင်တန်းပို့ချ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို)၊ သရဖူခန်းမဆောင်တွင် မြို့နယ်အဆင့် မူလတန်းဆရာအတတ်ပညာလုပ်ငန်းခွင် အကြိုသင်တန်းကို ယနေ့နံနက် ၉ နာရီက သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး လူငယ်စကားဝိုင်းကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက်က မိတ္ထီလာနည်းပညာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ရှိ နေအိမ်များနှင့် တည်းခိုဆောင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများအား လိုက်လံစစ်ဆေး
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် တည်းခိုဆောင်များအား ယနေ့နံနက်ပိုင်းက မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငွေစန်းရောင်သကြားစက်မိသားစုမှ  အသက်( ၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသူ ဘိုးဘွားများအား ပူဇော်ကန်တော့
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် အသက်( ၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင်ရရှိသည့် ဘိုး၊ ဘွားများအား အလှူရှင် ငွေစန်းရောင်သကြားစက်မိသားစုမှ ယမန်နေ့နံနက် (၉)နာရီက ချမ်းသားကြီးပရိယတ္တိစာသင်တိုက်ရှိ ဆွမ်းစား ကျောင်းဆောင်တွင် ပူဇော်ကန်တော့ခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ် Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Feb 06,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်  လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယ‌နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ခဲ့သည်။