သတင်းများ

ဘိုကလေးမြို့နယ်တွင် တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေး
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စုရှိ စက်ဆန်းတိုက်နယ်ဆေးရုံတွင် ယနေ့နံနက် (၇)နာရီ အချိန်မှစတင်၍ ပြည်သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ရှင်သန်နေထိုင်စေရေးကို ရည်ရွယ်၍ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ဆေးဝါးကုသမှုများအား အခမဲ့ဆောင်ရွက်ပေးသည်။
ချီဖွေမြို့နယ် (Community Centre)တွင် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 06,2023
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့၌ အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ်ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 06,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းစနစ် ဖြစ်ပေါ်လာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ
Feb 06,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ခရိုင်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာများ ကိန်းအောင်းစေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြတ်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာ၊ ပန်းချီ၊ ကာတွန်း ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Feb 06,2023
ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီးအသိပညာ ဗဟုသုတရရှိစေရေးအတွက် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အ.လ.က သ​င်္ဘောဦးကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာအုပ်၊ စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေကြောင်း သိရသည်။
တောင်သာမြို့နယ် မကြီးပင်တဲကျေးရွာတွင် ၄၀၀ ဗို့အားလိုင်း လျှပ်စစ်မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းကွင်းဆင်းစစ်ဆေး
Feb 06,2023
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့် ကျေးရွာပေါင်း ၂၅ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာ(၄)ရွာ၌ မီးလင်းရေး လုပ်ငန်းဆောင်ရွက်လျက်ရှိသည့်အနက် မကြီးပင်တဲကျေးရွာ ရွာတွင်း ၄၀၀ ဗို့အားလိုင်း သွယ်တန်းလုပ်ငန်းအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဖားဆောင်းမြို့နယ် စုစည်း​​ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
Feb 06,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မျိုးရိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က စုစည်း​ကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း၌ မြို့နယ်အတွင်းရှိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေး
Feb 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အသက် တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်ကာ ဟုမ္မလင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံး၌ ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။