မိတ္ထီလာတက္ကသိုလ်၌ အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး နှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁ဝနာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲမစတင်မီ ရှေးဦးစွာ ပါမောက္ခချုပ် ဒေါက်တာဘဟန်ကအဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက် ၍ အသိပညာပေးဟောပြောပွဲကို ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့်  မူးယစ်ဆေးဝါးတားဆီး နှိမ်းနင်းရေးရဲတပ်ဖွဲ့ အမှတ် (၅၅) မူးယစ်တပ်ဖွဲ့စု (မိတ္ထီလာ)မှ ဒုရဲမှူးသက်နိုင်လတ်ကလည်း ကောင်း၊  ယာဉ်စည်းကမ်းထိန်းသိမ်းခြင်း၊ ပညာပေးခြင်းနှင့် ယာဉ်တိုက်မှုလျော့နည်းကျဆင်းရေး ခေါင်းစဉ်ဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာများကို အမှတ် ၉၆ ယာဉ်ထိန်းတပ်ဖွဲ့စု (မိတ္ထီလာ)မှ ဒုရဲမှူးအောင်ကျော် တိုးကလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောသည်။ ထို့နောက် အသိပညာပေးဟောပြောကြသူများအား ပါမောက္ခချုပ်ဒေါက်တာဘဟန်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ အဆိုပါ  အသိပညာပေးဟောပြောပွဲသို့ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနေအောင်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာခင်နှင်းအိ၊ ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများ တက်ရောက်ကြောင်းသိရသည်။

 ချမ်းသာ