သာယာဝတီ ဖေဖော်ဝါရီလ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အထက(၁)သာယာဝတီ ပညာ့အားမာန်ခန်းမတွင် ယနေ့နံနက် ၉ နာရီကလုပ်ငန်းခွင်အကြို ဆရာ/ ဆရာမများ ရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သာယာဝတီမြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းခွင်အကြို ဆရာ/ ဆရာမများအင်အား ကျား ၄ ဦး၊ မ ၃၃ ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ (၃၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့ထိ(၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ ဆက်)