ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)နေကြာသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်၊ ဦးစီးအရာရှိဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများက ကန့်လန့်ကုန်းကျေးရွာ၊ ဘောလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)နေကြာသီးနှံဧက(၁၁၉)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် ကန့်လန့်ကုန်းကျေးရွာ၊ ဘောလည်ကျေးရွာနှင့် အိုင်ကြီးကျေးရွာတို့တွင် ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကန့်လန့်ကုန်းကျေးရွာ၊ ဘောလည်ကျေးရွာနှင့် အုတ်ဖိုကျေးရွာတို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး ကန့်လန့်ကုန်းကျေးရွာ၊ ဘောလည်ကျေးရွာနှင့်အိုင်ကြီးကျေးရွာတို့တွင် (၂၀၂၂-၂၀၂၃)ခုဘဏ္ဍာရေးနှစ်၊ ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိကြောင်းလည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)