ဘူးသီးတောင် ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက အမှတ်(၅)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ ကြသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၅)ရပ်ကွက်ရှိနေအိမ်များ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် နေအိမ်များ၌ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်နှင့် မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်း၊ လျှပ်စစ်သွယ်တန်းမှု စနစ်တကျ ရှိ /မရှိစစ်ဆေးခြင်းနှင့် ဟောင်းနွမ်းနေသော မီးပလပ်/ခလုတ်များအား လဲလှယ်တပ်ဆင်အသုံး ပြုကြရန် မှာကြားစစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု (လေပေါင်) ရှိ/မရှိစစ်ဆေးခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)