သဲကုန်း ဖေဖေါ်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းအဆင့် ဆရာဖြစ် မွမ်းမံသင်တန်းကို ယနေ့နံနက် ၉နာရီက သဲကုန်း အ.ထ.က သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းက အဖွင့်အမှာစကားပြောကြား၍ သင်တန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် နည်းပြဆရာ/ ဆရာမ ၄ ဦး၊ စီမံအုပ်ချုပ်သူ ၂ဦး၊ ကြီးကြပ်၂ဦးမှ KG/ G1/ G2/ G3/ G4/ G5 သင်ရိုးသစ်မိတ်ဆက်များ၊ ဝန်ထမ်းကျင့်ဝတ်နှင့်စည်းကမ်းများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ပညာရေးမူဝါဒ၊ ပညာရေးပြက္ခဒိန်ပါလုပ်ငန်း၊ သင်ကြားဆိုင်ရာ မှတ်တမ်းများ စနစ်တကျရှိရေး၊ ပင်စင်ဆိုင်ရာ ဘာသာရပ်၊ သင်ယူမှုပတ်ဝန်းကျင်၊ မိဘရပ်ရွာနှင့်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဆရာကျင့်ဝတ်နှင်သိက္ခာ၊ သင်ရိုးသစ်အကောင်အထည်ဖော်ခြင်း၊ တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း၊ ခွင့်အမျိုးအစား၊ သင်ယူမှုရလဒ်၏ ကောင်းကျိုးများရရှိရေးစသည့် ဘာသာရပ်များနှင့် အခြားပညာရေးကဏ္ဍနှင့် သက်ဆိုင်သည့် ဘာသာရပ်များကို သင်တန်းသား သင်တန်းသူ ၈၉ ဦး အား သင်တန်းပို့ချသွားမည်ဖြစ်သည်။ သင်တန်းကာလမှာ ဖေဖေါ်ဝါရီလ ၆ရက်မှ ဖေဖေါ်ဝါရီလ ၁၀ရက် နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ ဆက်)