တောင်သာမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကျင်းပ

တောင်သာ ဖေဖော်ဝါရီ ၆

၂၀၂၃-ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။                     

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ ကျောင်းသား/ကျောင်းသူများ ယခုလို ပြိုင်ပွဲကျင်းပခြင်းကြောင့် အချင်းချင်းပူးပေါင်းဆောင်ရွက် တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ လူအများရှေ့တွင် ပြောရဲဆိုရဲတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်၍ ယခုလို ပြိုင်ပွဲများဆောင်ရွက်ပေးလျက်ရှိကြောင်းတို့ကို ရှင်းလင်းပြောကြားပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲများအား ဆက်လက် ကျင်းပရာ ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများက အသီးသီးပါဝင်ယှဉ်ပြိုင် ကြပြီးနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်အေးနှင့် ဝန်ထမ်းများက အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်၊ ခဲတံနှင့် အချိုရည်မုန့်များကျွေးမွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် အရုပ်ဆက်ဂိမ်းပြိုင်ပွဲသို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်