မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းတပ် စက်တင်ဘာ ၂၄

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြို့အဝင် အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်မှုအခြေအနေ၊ Facility Quarantine ဝင်ရောက်နေသူများ၏ နေထိုင်စားသောက်ရေး ဆောင်ရွက်ပေးထားမှုနှင့် Quarantine Centre အရံပြင်ဆင်ထားရှိမှုတို့ကို ရှင်းလင်း ဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟိန်းက Quarantine Centre များတွင် လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ထုတ်ပြန်ချက်များအား လိုက်နာမှုမရှိပါက အရေးယူ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် မင်းတပ်မြို့မစျေးအတွင်းရှိ စျေးဆိုင်များအား တစ်ဆိုင်ခြား အလှည့်ကျ ဖွင့်လှစ်ခွင့်ပြုပြီး မင်းတပ်မြို့ စည်ပင်နယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်များကိုလည်း ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့် ပြုကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)