ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသတိပေးချက်များနှင့်အညီ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ထန်ပါခွေ   စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အား ကျန်းမာရေးအသိပညာများရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးသတိပေးချက်များနှင့်အညီ ထန်ပါခွေမြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင် များအား ဌာနဆိုင်ရာများမှ ပူးပေါင်း၍ အသိ ပညာပေးခြင်းလုပ်ငန်းများကို ယနေ့  နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ထန်ပါခွေမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဈေးဆိုင်များသို့ လှည့်လည်၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)များတပ်ဆင်အသုံးပြုရေး၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များကို ထန်ပါခွေမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး မြို့တွင်း ဖြတ်သန်းသွားလာသူများအား ကျန်းမာရေးစစ်ဆေးမှုပြုလုပ်နေသည့် မြို့ဝင်၊ ထွက်ဂိတ်တွင်လည်း  အသိပညာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင်များ မေးမြန်းခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟန်ထွန်း(အင်းဝ)