ရှားတော စက်တင်ဘာ ၂၄
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး နှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှု များပြားလာနေပြီ ဖြစ်ရာ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းမှ ကူးစက်ခံရမှုမရှိစေရန် အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်ထွေးထွေးမိုး ဦးဆောင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ရပ်/ကျေးစာရေးတို့က မြို့ပေါ်ရပ်ကွက်ရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်တို့တွင် ဆိုင်ထိုင် စားသောက်ခွင့်မရှိကြောင်း၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးနှင့် Take-away စနစ်ဖြင့် ဝယ်ယူစားသောက် ရေး လိုက်လံစစ်ဆေး အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)