ကန်ပက်လက် စက်တင်ဘာ ၂၄
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားထောက်ခံချက်များ ယူဆောင်လာခြင်း မရှိပါက မြို့အဝင်ဂိတ်မှ မြို့အတွင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်တော့မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
ကန်ပက်လက်မြို့ အဝင်ဂိတ်တွင် နံနက်(၆)နာရီမှ ည(၇)နာရီအထိ၌ ဌာနဆိုင်ရာဝန်ထမ်းများအား လည်းကောင်း၊ ည(၇)နာရီမှ နံနက်(၆)နာရီအထိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လည်းကောင်း အလှည့်ကျ ဂျူတီချထားလျက် မြို့အဝင်/အထွက် စာရင်းများ စနစ်တကျ စစ်ဆေးလျက်ရှိပြီးနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ တွေရှိထားသည့် မြို့များမှ လာရောက်သူများကို Facility Quarantine ထားရှိရေး အတွက် အထူးကြပ်မတ် ဆောင်ရွက် လျက်ရှိသည်။
ကန်ပက်လက်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် Facility Quarantine ထားရှိ ဆောင်ရွက်လျက်ရှိပြီး၊ လက်ရှိအချိန်တွင် နိုင်ငံခြားပြန်တစ်ဦး၊ ရန်ကုန်မြို့မှ ပြန်လာသူတစ်ဦးနှင့် မင်းတပ်မြို့မှ ပြန်လာသူတစ်ဦး စုစုပေါင်း(၃)ဦးကို Facility Quarantine ထားလျက်ရှိကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)