မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲ အထူးရဲများကို ခန့်အပ်လွှာများပေး

မံစီ စက်တင်ဘာ ၂၄

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ယနေ့ နံနက် ၁၀ နာရီက မံစီမြို့မ ရဲစခန်း ရဲမ္ဓာရုံ၌ ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခန့်အပ်လွှာများ ပေးအပ်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ချိုက အထူးရဲခန့်အပ်ရခြင်း၏ ရည်ရွယ်ချက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ၊ တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားပြီး အထူးရဲ တစ်ဦးချင်းအား ခန့်အပ်လွှာနှင့် စိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

မံစီမြို့နယ်အတွင်း  တာဝန်ထမ်းဆောင်မည့်    အထူးရဲစုစုပေါင်း ၃၀ ဦးရှိပြီး လာမည့်အောက်တိုဘာလအတွင်း သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

ရိန်အောင်(ပြန်/ဆက်)