Jun 01, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်များနှင့် အမျိုးသားစာကြည့်တိုက်များကို လှည့်လည်ကြည့်ရှု၍ ထောက်ပံ့ငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းကာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။
Jun 01, 2024
ပြင်ဦးလွင်မြို့သည် လေကောင်းလေသန့်ရရှိပြီး နှစ်လိုဖွယ်ရာသီဥတုရှိသည့် ခရီးသွားမြို့တော်၊ အပန်းဖြေမြို့တော်ဖြစ်သည်။ အစဉ်အလာအားဖြင့် သာယာလှပနှစ်လိုဖွယ်ရာကောင်းသောမြို့ကို အစဉ်စိမ်းလန်းစိုပြည်သာယာလှပပြီး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲက အခါမလပ်သွားရောက်ပြီး မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်မှာကြားလျက်ရှိသည်။
Jun 01, 2024
နိုင်ငံတော်ဩဝါဒါစရိယ ရွှေကျင်နိကာယသာသနာပိုင် အဘိဓဇဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား အိန္ဒိယသမ္မတနိုင်ငံက ချီးမြှင့်သော International Award for Promotion of Buddhism ဘွဲ့တံဆိပ်ဆက်ကပ်အပ်နှင်းသည့် အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ပန်းဘဲတန်းမြို့နယ် ရွှေဘုံသာလမ်းရှိ အိန္ဒိယစင်တာ၌ ကျင်းပသည်။
May 31, 2024
တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်၏ (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ကျောင်းအုပ်ကြီးဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပါမောက္ခချုပ် ဗိုလ်မှူးကြီးဒေါ်မေခင်သိန်းနှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။
May 31, 2024
၂၀၂၄ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် အားကစားခန်းမ၌ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
May 31, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းနယ်မြေလုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မေလ ၂၉ ရက် နေ့က လက်နက်ကြီးပစ်ခတ်မှုကြောင့် တင်သားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၄ ဦး သေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
May 31, 2024
၂ဝ၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါ စာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆုစိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသား မှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။
May 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
May 31, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 31, 2024
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဒေသတည်ငြိမ်အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်
May 31, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်း အပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
May 31, 2024
သက်တမ်းရင့်ရေနံမြေများတွင် အထွက်တိုးစေရန်အတွက် ပေနက်တွင်းများ အောင်မြင်စွာ တူးဖော်နိုင်ရေး နည်းပညာပိုင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲနှင့် ရေနံမြေဒေသအသီးသီး၏ လုပ်ငန်းတိုးတက်မှုအခြေအနေများ သုံးသပ်ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
May 31, 2024
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန်ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်) များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့) ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။
May 31, 2024
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် (၅၂) ကြိမ်မြောက် အာရှဗဟိုဘဏ်များ ငွေစာရင်းရှင်းလင်းရေးအဖွဲ့ (အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
May 31, 2024
ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်း၊ အရန်စက်သုံးဆီများလည်းပါဝင်ကြောင်းနှင့် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရှိရသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံအလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးစသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိသဖြင့် တည်ငြိမ်လျက်ရှိပြီး အများပြည်သူအနေဖြင့် အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။
May 31, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Carbon Stick ၁၈၀၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၁၅၈၈၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 31, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 31, 2024
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု လူငယ်စာပေ ပထမဆုရရှိသည့် စာရေးသူ ဆောင်းချစ်၏ “ချယ်ရီလက်ဆောင် ပန်းလက်ဆောင်” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
May 31, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စံနှုန်းမီစာကြည့်တိုက်များ ပေါ်ထွန်းရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 31, 2024
(၂၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆပ်ကော်မတီအစည်းအဝေး (25th ASEAN Sub-Committee Meeting on Information) ကို မေ ၂၉ ရက်မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ Sokhalay Angkor Resort Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံ - အာဆီယံပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။