May 28, 2024
မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား နိုင်ငံခြားငွေဖြင့်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများတွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် မြန်မာလုပ်သားများ၏ လွှဲပို့ငွေများ တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သောအဖွဲ့နှင့် Siam Commercial Bank ၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 28, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြနှင့် ဒိုင်(အဆင့်မြင့်) မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပသည်။
May 28, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက် တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
May 28, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စွမ်းအင်ဝန်ကြီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာနရုံး အမှတ် (၆)ရှိ ရတနာခန်းမ၌ ကျင်းပသည်။
May 28, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ နိုင်ငံ့ဝန်ထမ်းသားသမီးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 28, 2024
အာဆီယံလူမှုသစ်တောဆိုင်ရာ လုပ်ငန်းအဖွဲ့ (ASEAN Working Group on Social Forestry–AWGSF) ၏ (၁၈) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်းကြင်းခန်းမ၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
May 28, 2024
ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ဆိုင်ရာသင်တန်းများ အသိအမှတ်ပြုမှုအစီအစဉ် စတင်မိတ်ဆက်ခြင်း၊ နိုင်ငံအဆင့် အာဆီယံသင်ကြားရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
May 28, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား သည့်အနေဖြင့် မည်သို့သောအခြေအနေတွင် တွေ့ကြုံရသည့်တိုင် မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများ ချိတ်ဆက်ပြီး အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိသည်။
May 28, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၇၅) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 28, 2024
၁။ အောက်ဖော်ပြပါ Facebook Page များနှင့် အင်တာနက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရရှိကိုင်ဆောင်ထားခြင်းမရှိဘဲ နိုင်ငံခြားငွေများအား ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဆိုပါအဖွဲ့အစည်းများနှင့် ပါဝင်ပတ်သက်ရောင်းဝယ်နေသူများအား အရေးယူဆောင်ရွက်ပြီးဖြစ်သည့်အပြင် ပြည်ပမှ အဝယ်/အရောင်းဆောင်ရွက်နေသည့် Page များ၊ ဖုန်းနံပါတ်များကို သက်ဆိုင်ရာဗဟိုဘဏ်များသို့ အကြောင်းကြား၍ အရေးယူဆောင်ရွက်ရန် ညှိနှိုင်းလျက်ရှိပါသည်။
May 28, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ အဆင်ပြေစွာ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်နိုင်ရေး သန်းခေါင် စာရင်းအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၁) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပသည်။
May 28, 2024
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ (၁၉-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၅-၂၀၂၄) ရက်နေ့၊ ည (၈:၀၀) နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၅,၅၉၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၂၉) ရာခိုင်နှုန်း ဖြစ်ပါသည်။ အစီရင်ခံကာလ အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိပါ။
May 28, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 28, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စုပေါင်းကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
May 28, 2024
၁။ ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ပညာသင်ကြားခွင့်ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင် ပါသည်။
May 28, 2024
ပြီးခဲ့သည့် နွေရာသီကာလများက မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ချောက်မြို့ကို ကမ္ဘာပေါ်တွင် အပူဆုံးမြို့အဖြစ် ပြောဆိုလာကြသည်ကို ကြားသိလိုက်ရမည်ဖြစ်သည်။ တကယ်တမ်းတွင်လည်း ချောက်မြို့သည် အပူချိန် ၄၇ ဒီဂရီဆဲစီးယပ်ထိ စံချိန်တင်မြင့်မားခဲ့သည်။ ချောက်မြို့သူ မြို့သားများသည် ပြင်းထန်သည့်အပူဒဏ်ကို ခံစားကြရသဖြင့် အပူရှောင်စခန်းများတွင် သွားရောက်ခိုနားခဲ့ကြရသည်။ မြို့မိမြို့ဖများကလည်း လာမည့်ကာလများတွင် ချောက်မြို့၌ အပူဒဏ်သက်သာရေးအတွက် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။
May 28, 2024
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ်ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုထိမဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက်ရှိနေပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝများကလည်း ဓာတ်အားတောင်းဆိုမှု ပိုမိုမြင့်မားလာနေသည်။
May 27, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်၊ ရပ်စောက် - နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး
May 27, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
May 27, 2024
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။