Oct 05, 2024
နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Oct 05, 2024
စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လက စတင်ခဲ့ပြီး အတိုးနှုန်းသက်သာစွာဖြင့် နှစ်တို သုံးနှစ်၊ နှစ်ရှည် ငါးနှစ် အရစ်ကျပြန်ဆပ်စနစ်ဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် လေးခုမှ တောင်သူများအား ချေးငွေကျပ် ၂၄၄၆ ဒသမ ၂၀ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းစတင်သည်မှ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့် မြို့နယ် ၁၈၇ ခုတို့မှ တောင်သူ ၅၇၉၀ တို့ကို ချေးငွေကျပ် ၂၄၄၄၁၃ ဒသမ ၀၇၂ သန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောကြားသည်။
Oct 05, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု အားကစားအသင်းများ အဆင့်အတန်းရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရန်နှင့် အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှ အောက်တိုဘာလအထိ အားကစားနည်းများအလိုက် ကျင်းပခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုဝန်ကြီးဖလား ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ ကျင်းပသည်။
Oct 05, 2024
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့ ၊ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Oct 05, 2024
တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဒိုဟာမြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အောက်တိုဘာ ၃ ရက်က ကာဂျစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ အီဒေးဘိုင်ဆလော့ဗ်နှင့်လည်းကောင်း၊ နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာဒူဘာနှင့်လည်းကောင်း ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ တွေ့ဆုံသည်။
Oct 05, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာအုပ်စု ဖောင်ဆိပ်ကျေးရွာအနီးရှိ တာတမံအခြေအနေနှင့် ကမ်းပြိုကမ်းစားအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Oct 05, 2024
မြန်မာတို့၏အစဉ်အလာအရ ရိုသေဆည်းကပ်ပူဇော်ထိုက်သော ပုဂ္ဂိုလ်များတွင် ဆရာဆရာမများပါဝင်သည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်တစ်တန်းတည်းထားသည့် ပုဂ္ဂိုလ်များမှာ ဆရာဆရာမများဖြစ်သည်။ ထို့ကြောင့် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု သတ်မှတ်ကြသည်။ ဆရာ၏ဂုဏ်ဒြပ်နှင့်ကျေးဇူးများမှာ ကြီးမားလှသဖြင့် ရိုသေထိုက်သူ၊ ပူဇော်ထိုက်သူ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဟု အလေးအမြတ်ပြုပေသည်။
Oct 05, 2024
ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အခါသမယတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ ဆရာမများအားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ်ပါသည်။
Oct 05, 2024
ပညာရေးကဏ္ဍအရည်အသွေးမြင့်မားမှ နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်သည်လည်း အရည်အသွေးမြင့်မားနိုင်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာလျှင် နိုင်ငံကို မြင့်မြင့်မားမား၊ ကောင်းကောင်းမွန်မွန် တည်ဆောက်နိုင်မည်ဖြစ်သည်။ အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ကို ပုံဖော်ထုဆစ်သူများမှာ ဆရာ၊ ဆရာမများဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အဦးအစသည် ဆရာ၊ ဆရာမတို့ထံတွင် ရှိနေသည်။
Oct 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံးအတွင်းရှိ စိုက်ပျိုးမြေ ၂ ဒသမ ၈ ဧက၌ GW-11 မျိုး မိုးစပါးစမ်းသပ် စိုက်ကွက်များ ရိတ်သိမ်းခြွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
Oct 04, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် Myanmar Institute of Information Technology (MIIT) သို့ရောက်ရှိပြီး ဘာသာရပ်များအလိုက် စာမေးပွဲခန်းများ၌ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးသည်။
Oct 04, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Oct 04, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024
(၄၅) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ်ကျင်းပရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် သန့်လွင်မောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က နေပြည်တော် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ချမှတ်ခဲ့သည့် စီးပွားရေးဦးတည်ချက်များနှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ ငွေကျပ် ၁၅၀ ဘီလီယံမတည်ပြီး သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများအား Participating Financial Institutions (PFI) ဘဏ်များမှတစ်ဆင့် စနစ်တကျ ထုတ်ချေးနိုင်ရေးအတွက် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းများအဖြစ် နိုင်ငံပိုင်ဘဏ်များဖြစ်ကြသည့် မြန်မာ့စီပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့အပါအဝင် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်နှင့်ချေးငွေဆိုင်ရာ လုပ်ငန်းအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်များ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၌ ကျင်းပသည်။
Oct 04, 2024
ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ကာ ဟဲယာရွာမဓမ္မဗိမ္မာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 04, 2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ကောင်စီဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်၌ကျင်းပသည့် နေပြည်တော် မြို့နယ်လုံးဆိုင်ရာ တတိယအကြိမ်သာသနာလင်္ကာရစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုနေကြသည့် ရဟန်းသံဃာများနှင့် ရှင်သာမဏေများအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
Oct 04, 2024
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေး ဒဏ်ခံစားရသော ဒေသများအတွက် ဆန်အိတ်များပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ၌ ယနေ့မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းကလက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
Oct 04, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး၏ ညွှန်ကြားရေးမှူးဖြစ်သူ Ms. Hai Kyung Jun နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Oct 04, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
