နေပြည်တော် ဒီဇင်ဘာ ၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသည့် ဦးခင်မောင်ကြီး၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး၊ ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ရုံးထိုင်၍ တရားမအထူးအယူခံမှု အမှတ် ၁၉/၂၀၂၄ (ရန်ကုန်)၊ ၄၁/၂၀၂၄ (ဧရာဝတီ)၊ ၄၅/၂၀၂၄ (ရန်ကုန်)၊ ၄၆/၂၀၂၄ (ရန်ကုန်)၊ ၇၁/၂၀၂၄ (ဧရာဝတီ) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၅၉/၂၀၂၄ (ရန်ကုန်)၊ ၆၀/၂၀၂၄ (ရန်ကုန်)၊ ၆၁/၂၀၂၄ (ရန်ကုန်)၊ ၆၈/၂၀၂၄ (ရန်ကုန်)၊ ၇၂/၂၀၂၄ (မွန်) စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်