Skip to main content

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားသမားများ စခန်းသွင်းလေ့ကျင့်နေမှု ကြည့်ရှုအားပေး

ရန်ကုန် ဒီဇင်ဘာ

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အားကစားသမားများကို အားကစားနည်းအလိုက် နည်းပြများဖြင့် စနစ်တကျ စခန်းသွင်းလေ့ကျင့်နေမှုကို တာမွေမြို့နယ်ရှိ အမျိုးသားအားကစားနှင့် ကာယသိပ္ပံ (ရန်ကုန်) ၌ သွားရောက်ကြည့်ရှုအားပေးပြီး အားကစားသမားများ အာဟာရပြည့်ဝစွာ လေ့ကျင့်နိုင်ရေးအတွက် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။

နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု ပြေးခုန်ပစ်အားကစားသမား ၁၉ ဦးဖြင့် အားကစားနည်း ၁၉ မျိုး သွားရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်