Skip to main content

Oct 14, 2024

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ၃၇×၃၈ လမ်းကြား ကမ်းနားလမ်းရှိ ဂေါဝိန်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသော ရာဇသိင်္ခသင်္ဘောသည် ယနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ်အတွင်း၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ ငါးပီပါနှင့် ဓာတ်ဆီ ငါးပီပါ စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၆၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံး လိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာ အထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင်လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သုတေသီများ ပညာရှင်များ၊ တိုင်းဒေသကြီး၊ ခရိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံ၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် နည်းပညာနှီးနှောဖလှယ်ပွဲများတွင် တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် FIFA နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် တွေ့ဆုံ၍ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ ဂုဏ်သိက္ခာအတွက် ချစ်ကြည်ရေးခြေစမ်းပွဲကို တွန်းတွန်းတိုက်တိုက် အောင်မြင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန် ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ ရေကြီးရေလျှံမှုကြောင့် နေအိမ်မျောပါခဲ့သည့် မိသားစုဝင်များနှင့်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

ရွှေမဟာဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းစုတို့မှဖွင့်လှစ်မည့် အိန္ဒိယစားသောက်ဆိုင်နှင့် ဖူဆယ်ဘောလုံးကွင်း ဖွင့်ပွဲအခမ်းအနားနှင့် စီမံကိန်းရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၌ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ ၁၃၈၆-၁၃၈၇ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် သာသနတက္ကသီလဓမ္မာစရိယတန်း (ပထမနှစ်) သို့ အစိုးရပထမကြီးတန်း၊ စေတိယင်္ဂဏစာသင်တန်း၊ သကျသီဟစာသင်တန်းတစ်ခုခုအောင်မြင်ပြီး သက်တော် (၃၀) နှစ်၊ သိက္ခာ (၁၀) ဝါအောက်ရှိရမည့် ရဟန်း/သာမဏေများနှင့် သာသနတက္ကသီလမဟာဓမ္မာစရိယတန်း (ပထမနှစ်) သို့ သာသနတက္ကသီလဓမ္မာစရိယဘွဲ့၊ သာသနဓဇဓမ္မာစရိယဘွဲ့၊ သကျသီဟဓမ္မာစရိယဘွဲ့နှင့် စေတိယင်္ဂဏဓမ္မာစရိယဘွဲ့တစ်ခုခုရရှိပြီး သက်တော် (၃၅) နှစ်၊ သိက္ခာ (၁၅) ဝါအောက်ရှိရမည့် ရဟန်း/ သာမဏေများ လျှောက်ထားနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄) ရပ်

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နေပြည်တော်တွင် ခမ်းနားထည်ဝါစွာဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား စတင်ကျင်းပနေပြီဖြစ်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိကျင်းပမည့် ပြိုင်ပွဲအသီးသီးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ချစ်ခင်မြတ်နိုးသော ဝါသနာရှင်များ၊ မျိုးဆက်သစ်များ၊ ကြီးကြပ်သူများ၊ ပညာရှင်ကြီးများ စုစုပေါင်းအင်အား ၂၅၀၀ ကျော်ဖြင့် ပါဝင်ယှဉ်ပြိုင်နေကြပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 14, 2024

ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး အနုပညာတို့ ခေတ်အဆက်ဆက်ပေါ်ထွက်ထွန်းကားခဲ့ကြရာတွင် ထီးရိပ်နန်းရိပ်မှသာမက မြစ်တွင်း၊ ချောင်းတွင်း၊ လယ်ကွင်း၊ ယာခင်း၊ တောတွင်း၊ တောင်ပေါ်၊ နယ်ရွာကျေးလက်တို့မှလည်းပါဝင်သည်။ အနုပညာရှင်သည် ဘဝအတွေ့အကြုံတစ်ခုခုကို ခံစားမိသည့်အခါတွင် အနုပညာပစ္စည်းတစ်ခုခုကို ထုတ်လုပ်လေ့ရှိသည်။ ယင်းအနုပညာတို့အနက်မှအချို့သည် တစ်မျိုးသားလုံးပိုင်ဆိုင်သည့် အမွေအနှစ်များအဖြစ် ခေတ်ကာလများစွာကို ကျော်လွန်ဖြတ်သန်းတည်တံ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

(၁၀၄) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့၊ (၄၇) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်သက်ကြီးပူဇော်ပွဲနှင့် အလှူငွေများပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃) နေ ဒေါ်စန္ဒာမိုး (၆၁)နှစ် (ဘ) ဦးသိန်းညွန့်သည် တိုက်ခန်းအတွင်း ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတိုက်ခန်း၏ ဧည့်ခန်းအတွင်းကြမ်းပြင်ပေါ်၌ ဒေါ်စန္ဒာမိုးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၉)နယ်မြေရဲစခန်း(ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၃၉၂ ဖြင့်အမှုရေးဖွင့်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန (၁) ၌ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝါစိုက်ပျိုးသူတောင်သူများနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ကျင်းပပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ သီးနှံမျိုးနှင့်ပတ်သက်သော ပညာရှင်များ၊ မြေဆီလွှာပညာရှင်များ၊ သီးနှံကာကွယ်ရေး ပညာရှင်များနှင့် စက်မှုလယ်ယာကဏ္ဍပညာရှင်များ၊ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်မှ ဝါစိုက်တောင်သူများတက်ရောက်ကြကာ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပညာရှင်များနှင့် တောင်သူများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေး ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 13, 2024

ကျန်းမာရေးကဏ္ဍတွင် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်ခြင်း (Topical Issues of Human Rights Protection on Health Care) ခေါင်းစဉ်ဖြင့် (၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သိပ္ပံနှင့်လက်တွေ့အသုံးချကွန်ဖရင့်ကို အောက်တိုဘာ ၁၀ ရက်က ရုရှားနိုင်ငံမော်စကိုမြို့၌ Hybrid format ဖြင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်