Skip to main content

Jun 08, 2024

မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်သည့် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ နှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ ပေါ်ပေါက်လာသည်မှာ နှစ်ပေါင်း ၇၀ ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။ မူလက ဝါဒစွဲ၊ ဂိုဏ်းဂဃစွဲ၊ လူမျိုးစွဲတို့ဖြင့် တိုင်းပြည်ပြိုကွဲပျက်စီးရေး အကြမ်းဖက်လုပ်ရပ်များကို လုပ်ကိုင်လာခဲ့ရာ တပ်မတော်က ထိရောက်စွာ ချေမှုန်းရှင်းလင်းခဲ့သောကြောင့် သောင်းကျန်းသူအဖျက်သမားများ ပြိုကွဲပျက်စီးခြင်းအဖြစ်သို့လည်းကောင်း၊ အဖွဲ့အကြွင်းအကျန်များ နယ်စွန်နယ်ဖျားဒေသများသို့ ထွက်ပြေးခိုအောင်းခြင်းအဖြစ်သို့လည်းကောင်း ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 08, 2024

သက်တမ်းနှစ်ပေါင်း ၄ ဒသမ ၅၄ ဘီလီယံခန့် ရှိပြီဖြစ်သည့် ကမ္ဘာမြေကြီး၏ သဘာဝသမိုင်းတွင် သက်ရှိဇီဝများသည် ပထမဘီလီယံနှစ်များအတွင်း သမုဒ္ဒရာများထဲ၌ စတင်ဖြစ်တည်လာခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက တွက်ချက်ခန့်မှန်းထားကြသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့မျက်နှာပြင်၏ ၇၁ ရာခိုင်နှုန်း ကို သမုဒ္ဒရာများက ဖုံးလွှမ်းထားပြီး ကျန် ၂၉ ရာခိုင်နှုန်းသာလျှင် ကုန်းမြေဖြစ်သည်၊၊ ပင်လယ်သမုဒ္ဒရာများသည် ကမ္ဘာပေါ်ရှိ အသက်ဇီဝတို့၏ စတင်ရာဖြစ်သလို လူသားတို့အပါအဝင် သက်ရှိသတ္တဝါများ ရှင်သန်ရပ်တည်နိုင်‌‌ရေးအတွက် မရှိမဖြစ်လိုအပ်သော သဘာဝပတ်ဝန်းကျင်ကို ဖန်တီးပေးနေခြင်းလည်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများနှင့်အညီ စိစစ်၍ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Midmay Group Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် GAC Toyota bZ4X အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ N.P.K Motors Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 (MULAN) အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Myanmar New Energy Motor (MNEM) Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် HYCAN Z03 နှင့် HYCAN A06PLUS အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များနှင့် Grand Sirius Co.,Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် NETA NEOMOR D05 လျှပ်စစ်သုံး မော်တော်ယာဉ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ဇွန် ၆ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပြည်တွင်းမွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်း၊ ငါးတန်၊ ငါးသိုင်းခေါင်းပွ စသည့်ရေချိုငါးများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိကအများဆုံး ဝယ်ယူလျက်ရှိရာ ယခင်က စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ စစ်ဆေးမှုများပြုလုပ်ပြီး တင်ပို့ခဲ့သော်လည်း ယခုအခါ ပို့ကုန်လမ်းကြောင်းသစ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည့် ရေချိုငါးများအား အဆင်ပြေချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် စံပြငါးဈေး (အောင်မင်္ဂလာဆိပ်ကမ်း) ကို ယာယီဆိပ်ကမ်းအဖြစ် သတ်မှတ်ပြီး အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ပါဝင်သည့် One Stop Services(OSS) အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက် ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ဇွန် ၁ ရက်‌မှ ၉ ရက်‌နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၃) ကြိမ်မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာဗိုဗီနမ်အားကစားအဖွဲ့ ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေး‌လေးခုဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကိုယ်စားပြု သတ်မှတ်အသုံးပြုမည့် အထိမ်းအမှတ်တံဆိပ် (Logo) ပြိုင်ပွဲကို ဇွန် ၁၃ ရက်မှ ဇူလိုင် ၁၂ ရက်အတွင်း ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ယခုကာလ၌ မြန်မာနိုင်ငံတွင်တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်လိုပါက မွေးမြူရေးငါးခူမွေးခြင်းဖြင့် ဝင်ငွေတိုးလာစေနိုင်ကြောင်း ငါးသားပေါက်မွေးမြူရေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

AML/CFT ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၄ ရက် နံနက်ပိုင်းက ရန်ကုန်ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သုဝဏ္ဏ) သို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ အတန်းတက်ရောက် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်သူ့အကျိုးပြု စက်မှုကျွမ်းကျင် လုပ်သားများ၊ နည်းပညာရှင်များဖြစ်စေရေး ရည်မှန်းချက်ထား၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ဇွန် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမိသားစုဝင်များ၏ ပညာရေးထောက်ပံ့မှုအတွက် ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ဒေါက်တာအောင်မိုးတို့က ငွေကျပ်သုံးသိန်းလှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာယကဦးအောင်လွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံရယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၄) နှစ်ပြည့် အထိမ်းအမှတ်ပညာ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 07, 2024

ရေစွမ်းအင်နှင့် အစိမ်းရောင်ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးနှင့် အဓိကခရီးစဉ်ဒေသများတွင် ဂေါ့ဖ်ခရီးသွားလုပ်ငန်း (Golf Tourism) အပါအဝင် အားကစားခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်