Jun 25, 2024
ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေကို ဖတ်ရှုလေ့လာပြီး စာပေဖတ်ရှုလေ့လာခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေနိုင်ရန်နှင့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် ကချင်ပြည်နယ် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jun 25, 2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 25, 2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့သည်။
Jun 25, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာရုံးသည် ၅၀၀ ကေဗွီ ဘုရားကြီး-လှိုင်သာယာ လှိုင်မြစ်ကျော် ဓာတ်အားလိုင်းသွယ်တန်းခြင်းကို ဝါးတရာကျေးရွာအထက်တွင် ဆောင်ရွက်မည်ဖြစ်ပါသည်။ မြစ်ကျော်ဓာတ်အားလိုင်းသွယ်တန်းခြင်းလုပ်ငန်းကို ဇွန် ၂၅ ရက်မှ ဇူလိုင် ၄ ရက်အထိ နေ့စဉ် နံနက် ၈နာရီမှ ညနေ ၄ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Jun 25, 2024
ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန်နှင့် စာအုပ်စာပေတွင် နှစ်သက်မွေ့လျော်ကာ ပညာရှာမှီးသူများဖြစ်လာစေရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဇွန်လ(၂၄)ရက်နှင့်(၂၅)ရက်များတွင် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ပွဲတော်တွင်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများအား ဖော်ပြပေးလိုက်ပါသည်။
Jun 25, 2024
စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဇွန် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်စကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ဟောပြောပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့် ပတ်သက်၍ စာရေးဆရာများ၊ မြို့နယ်ပညာရေးမှူးနှင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၏ ရင်တွင်းစကားသံများ ယခုလိုကြားသိရပါတယ်-
Jun 25, 2024
၁။ ပြည်တွင်းဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးစျေးကွက်နှင့် စျေးနှုန်းတည်ငြိမ်မှန်ကန်စေရေးနှင့် ဆန်စပါးသိုလှောင်မှုအခြေအနေ များကို စနစ်တကျ စာရင်းပြုစုမှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံလုပ်ငန်းများအနေဖြင့် Online Registration စနစ်ဖြင့် Myanmar Rice Online (MyRo)-www.myro.com.mm တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ မှစတင်၍ မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။
Jun 25, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ယုံစားပုံမှားမိကြလို့ နေစရာပျောက်၊ ပင်စင်ပျောက်၊ လမ်းဘေး ရောက်ခဲ့ကြရတဲ့ သစ္စာဖောက်နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပကတိဘဝအခြေအနေ” ခေါင်းစဉ်ဖြင့် ဇွန် ၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jun 25, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်း နံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှ တစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီ အစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Jun 25, 2024
၁။ ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်/ ပါမစ်ခွင့်ပြုချက်မရသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန် များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိပါက ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက် တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ ၃/၂၀၂၄ ဖြင့် ထုတ်ပြန်ထားသော်လည်း လိုက်နာဆောင်ရွက်မှုမရှိဘဲ ခွင့်ပြုချက်မရရှိသေးသည့် ကုန်ပစ္စည်းများကို ကြိုတင်တင်သွင်း ဆောင်ရွက်လျက်ရှိပါသည်။
Jun 25, 2024
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၄/၂၀၂၄ (တနင်္သာရီ)၊ တရားမအထူးအယူခံမှုအမှတ် ၆/၂၀၂၄(မန္တလေး)၊ ၁၈/၂၀၂၄(ရန်ကုန်)၊ ၂၀/၂၀၂၄ (ရန်ကုန်)၊ ၂၂/၂၀၂၄ (ဧရာဝတီ)၊ ၂၄/၂၀၂၄ (ရန်ကုန်) နှင့် ၂၅/၂၀၂၄ (မကွေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၁)မှုနှင့် တရားမအထူးအယူခံမှု (၆)မှုတို့ကို စီရင်ချက်ချမှတ်သည်။
Jun 25, 2024
နောင်ချိုနှင့် လွိုင်လင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jun 25, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 25, 2024
နေပြည်တော်တွင်ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကို ကြည့်ရှုလေ့လာရန် ဖိတ်ကြားခေါ်ယူခဲ့သော သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ယွန်းပညာကောလိပ် (ပုဂံ)၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ) တို့မှ နည်းပြဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ လေ့လာရေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ခေတ္တတည်းခိုနေထိုင်မည့် တည်းခိုရေးစခန်းသို့ ရောက်ရှိလာရာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
Jun 25, 2024
လယ်ဝေးမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အေလာအုပ်စု အခြေခံပညာအထက်တန်းကျောင်း (အေလာ) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
Jun 25, 2024
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးကြသည်။
Jun 25, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ အမှတ် (၃၄) အကြီးစားစက်ရုံ (သာယာဝတီ)သို့ ရောက်ရှိပြီး ရေအိမ်သုံးပစ္စည်းများနှင့်ပန်းကန်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 25, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝါသီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Jun 25, 2024
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာ စာရင်းစံများဆိုင်ရာ ဒီပလိုမာသင်တန်း (Diploma in International Public Sector Accounting Standards-Dip IPSAS) အမှတ်စဉ် (၁) အပိုင်း (၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။