Jun 24, 2024
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည်။ လူငယ်လူရွယ်များအပါအဝင် မိမိတို့နိုင်ငံ၊ မိမိတို့မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း စာပေဖတ်ရှုသည့်အလေ့အထ လျော့နည်းကျဆင်းလာသည့်အပေါ် ကုစားရန်၊ စာဖတ်သည့်လူမျိုး၊ ဗဟုသုတပြည့်စုံကြွယ်ဝပြီး မှားမှန်ကောင်းဆိုး ဝေဖန်ပိုင်းခြားတတ်သည့်လူမျိုး ဖြစ်လာစေရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး၊ စာဖတ်ရေးတို့ကို တွန်းအားပေးဆောင်ရွက်နေခြင်းလည်းဖြစ်သည်။
Jun 23, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ရပ်ကွက်များတွင် နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ အိမ်ထောင်စုဝင်များ စားရေးအထောက်အကူဖြစ်စေရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇွန် ၂၂ ရက်တွင် မောင်တောမြို့ရှိ ရပ်ကွက်နေ ဒေသခံပြည်သူများထံ ဆန်အိတ်များကို လက်ဝယ်အရောက် ထောက်ပံ့ပို့ဆောင်ပေးခဲ့သည်။
Jun 23, 2024
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက် နံနက် ၀၀:၁၅ နာရီအချိန်ခန့်တွင် မြင်းခြံမြို့နယ်၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ မြင်းခြံမြို့နယ်၊ မကျီးသမျှားကျေးရွာ၏မြောက်ဘက် မြင်းခြံ - မကျီးသမျှား သွားကားလမ်းတွင် မော်တော်ယာဉ် ၁ စီးအား PDF အမည်ခံအကြမ်းဖက်သမားများက ပစ်ခတ်၍ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ အခင်းဖြစ်ရာသို့ ဇွန်လ ၂၃ ရက် နံနက် ၀၀:၅၀ နာရီအချိန်ခန့်တွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော လုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
Jun 23, 2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အားကစားခန်းမအတွင်း ခင်းကျင်းပြသသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ခါးလှည့်ကွင်း အားကစားနည်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
Jun 23, 2024
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Jun 23, 2024
မကွေးတိုင်းဒေသကြီး၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Jun 23, 2024
၁။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှ တစ်ဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့်မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်း အစီအစဉ် (Public Feedback Programme - PFP)” ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
Jun 23, 2024
ဂျပန်နိုင်ငံဖူကူအိုကာမြို့ (Fukuoka) အခြေစိုက်အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children’s Convention - APCC) က ဦးစီး၍ နှစ်စဉ်ဇူလိုင်လတွင် ကျင်းပသည့် နွေရာသီ အပြည်ပြည်ဆိုင်ရာလူငယ်များ တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံက ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Jun 23, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း Global Earth Agro & Aqua Industry Public Company Limited က ဆောင်ရွက်နေသည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 23, 2024
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ချောင်းဝကျေးရွာအုပ်စု လက်ပံဝဲကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ လက်ပံဝဲကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Jun 23, 2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်း (ပုသိမ်ကြီး၊ လုံပီး၊ ရွှေဘို)တို့၏ အဋ္ဌမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(ပုသိမ်ကြီး)၌ ကျင်းပသည်။
Jun 23, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ရေလှောင်တမံရေပိုလွှဲတွင် ဟိုက်ဒရောလစ်ရေမြှင့်ရေတံခါး Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 23, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြေကွက်လပ်၌ ကျင်းပသည်။
Jun 23, 2024
မြန်မာနိုင်ငံတွင် ရေမြေတောတောင်သဘာဝအလှအပများ များပြားစုံလင်စွာ တည်ရှိသည်။ ဒြပ်မဲ့/ဒြပ်ရှိ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများကိုလည်း စုံလင်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ထို့အပြင်နှစ်ပေါင်းထောင်ချီ တည်တံ့နေဆဲဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ယူနက်စကိုက အသိအမှတ်ပြုထား ပြီး/မပြုရသေးသော ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများလည်း များစွာရှိသည်။ အဆိုပါအမွေအနှစ်များသည် ပြည်တွင်း/ပြည်ပခရီးသွားများအတွက် စိတ်ဝင်စားဖွယ်ရာများ ဖြစ်သည်။
Jun 23, 2024
ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဝနတ်ထံပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ နိုင်ငံအတွင်း နောက်ထပ်မတည်ငြိမ်မှုများ ဖြစ်ပေါ်လာရန်၊ ဆူပူလှုပ်ရှားမှုများ ဖြစ်လာစေရန်ဟူသော အကြံဆိုးဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အကြမ်းဖက်အဖွဲ့များနှင့် ပြည်ပလက်ဝေခံ ပြည်ဖျက်မီဒီယာများက အဆက်မပြတ်ပြုလုပ် နေကြသည်။ ပရိယတ္တိသာသနာတွင် တန်ဖိုးကြီးမားပြီး ထင်ရှားကျော်ကြားသည့် ဆရာတော်ကြီးတစ်ပါး မမျှော်လင့်ဘဲ ဆုံးရှုံးသွားရခြင်းအတွက် နိုင်ငံတော်တွင် ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ခဲ့ရပြီဖြစ်ရာ ယင်းဖြစ်စဉ်ကိုအကြောင်းပြု၍ မသမာသူတို့ကဖန်တီးနေသည့် နိုင်ငံနှင့်ပြည်သူတို့ ပျက်စီးရာပျက်စီးကြောင်း ဖြစ်ရပ်များဆီသို့ လိုက်ပါမသွားမိစေရန် ဆင်ခြင်စဉ်းစား သတိထားကြဖို့လိုသည်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေး ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်မဲ့ပျက်ကွက်
Jun 22, 2024
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ မြန်မာနိုင်ငံသံရုံး၌ သံရုံးစာရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် ဒေါ်ဌေးဌေးဝင်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ပါရီမြို့၊ မြန်မာသံရုံးမှ ခွင့်မဲ့ပျက်ကွက်လျက်ရှိသည်။
Jun 22, 2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည်။
Jun 22, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jun 22, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်း မွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။