Skip to main content

Jun 26, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၃/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂ဝ၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အတွင်း​ရေးမှူး၊ ပြည်နယ်အ​ထွေ​ထွေ​အုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်​ချုပ်ရေးမှူး ဦးတိုးဝင်း၊ ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်​ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ လေ့ကျင့်ရေးကျောင်း ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းရှီးပြည်နယ် နန်းချန်းမြို့၌ ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာညီလာခံ (Shanghai Cooperation Organization Forum on Traditional Medic-ine) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေ ဖြစ်ထွန်းစေရန်၊ ကောင်းမွန်မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်နှင့် အရိပ်အာဝါသရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိခရိုင် တရားရုံးရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

(၁၉) ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ရန် တီဟီရန်မြို့၌ ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mr. Maris Sangiampongsa နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Narayan Kaji Shrestha Prakash နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ကာတာနိုင်ငံ State Minister of Foreign Affairs Mr. Soltan Saad S. K. Al-Moraikhi နှင့်လည်းကောင်း တီဟီရန်မြို့ရှိ ပါရှန်အဇာဒီဟိုတယ်၌ သီးခြားစီတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်တွင် အာမခံထားရှိသူများအနက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အာမခံနှစ်စေ့ပြီးသူများအား ကံစမ်းမဲဖောက်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး ဦးညိုဝင်းနှင့် တာဝန်ရှိသူများ၊ အာမခံထားရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr. Valery D.Zorkin ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံစိန့်ပီတာစဘတ်မြို့၌ “Protection of Rights and Constitutional Supervision” ခေါင်းစဉ်ဖြင့် ကျင်းပမည့် နိုင်ငံတကာညီလာခံ (International Conference) နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာဥပဒေရေးရာ ဖိုရမ် (XII St. Petersburg International Legal Forum) သို့ တက်ရောက်ရန်အတွက် ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

ကျွန်ုပ်တို့နေထိုင်သော ကမ္ဘာကြီး၏ သုံးပုံတစ်ပုံခန့်သည် ကုန်းမြေဖြစ်ပြီး နှစ်ပုံကျော်သည် ပင်လယ်သမုဒ္ဒရာရေထုကြီးဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အတိအကျ ဆိုလျှင် ကုန်းမြေ ၂၉ ရာခိုင်နှုန်း၊ ရေထု ၇၁ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းထားသည်။ ကျယ်ပြောလှသည့် ရေထုကြီးကို အမှီပြု၍ လူသတ္တဝါများရှင်သန်ရပ်တည်နိုင်ရေးနှင့် အကျိုးပြုဖြစ်ထွန်းရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 26, 2024

လူသည် သဘာဝအားဖြင့် အစုအဖွဲ့နှင့် နေထိုင်တတ်သော သတ္တဝါတစ်မျိုးဖြစ်သည်။ အစုအဖွဲ့အတွင်း မွေးဖွားကြီးပြင်းကာ ရှင်သန်ကြရခြင်းဖြစ်သည့်အလျောက် အများနှင့်လိုက်လျောညီထွေစေရန် ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ စသည်တို့ ချမှတ်ရေးဆွဲလိုက်နာကြရသည်။ စည်းကမ်းသည် ဥပဒေ၏ အစဖြစ်ပြီး ငယ်စဉ်ကတည်းကပင် လိုက်နာတတ်စေရန်၊ စည်းကမ်းနှင့်လူတစ်သားတည်းကျစေရန် လေ့ကျင့်သင်ကြားပေးကြရသည်။ လူတစ်ဦးချင်းတွင် စည်းကမ်းကောင်းမွန်သူသည် တိုးတက်ကြီးပွားသကဲ့သို့ စည်းကမ်းကောင်းသည့် မိသားစု၊ စည်းကမ်းကောင်းသည့် နိုင်ငံနှင့်လူမျိုးတို့သည်လည်း တိုးတက်ကြီးပွားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2024

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁)နှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2024

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများအား တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆားနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ သဇင်ဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2024

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို ဇွန်လ ၂၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မြသီတာကျေးရွာမှ ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင်လွဲမှားစေရန် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 25, 2024

၁၆ - ၆ - ၂ဝ၂၄ ရက်စွဲပါ နိုင်ငံပိုင်သတင်းစာများတွင် (၅) ရက် ဆက်တိုက်ပါရှိသော စာဆိုဗိမာန် (၁၆၀' x ၁၄၀) RC (၃) ထပ် အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ခြင်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား အောက်ပါအတိုင်း ပြင်ဆင်ဖတ်ရှုပါရန် - နည်းပညာအဆိုပြုလွှာများ တင်သွင်းရမည့်ရက် ၂၃-၇-၂ဝ၂၄ ရက် (အစား) ၃ဝ-၇-၂ဝ၂၄ ရက်အထိ ၊ တင်ဒါဖောင် (၁) စောင်လျှင် ကျပ် ၅၀,၀၀၀/- (အစား) ကျပ် ၇၅၀,၀၀၀/- ဖြင့် ဝယ်ယူနိုင်ပါသည်။

ဆက်လက်ဖတ်ရှုရန်