မန္တလေး ဒီဇင်ဘာ ၃၁
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဟောင်း ဒေါက်တာမန်မိုဟန်ဆင်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်ခဲ့ခြင်းအတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့နံနက်ပိုင်းက သွားရောက်လက်မှတ်ရေးထိုးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးသို့ ရောက်ရှိပြီး အိန္ဒိယကောင်စစ်ဝန်ချုပ် H.E.Mr.Sundeep Kaushal နှင့် တာဝန်ရှိသူများအား ရင်းနှီးစွာတွေ့ဆုံ၍ အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မန်မိုဟန်ဆင်းကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်စာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
ဒေါက်တာ မန်မိုဟန်ဆင်းသည် အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်အဖြစ် ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်