Dec 31, 2020
လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို့ရေးရှင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ဂယက်လမီး ကျေးရွာအုပ်စု၊ မယ်ပြေကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်(၃၃/၁၁)ကေဗွီ၊ (၅)အမ်ဗွီအေ မယ်ပြေကျွန်း ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲကို ယနေနံနက် ၉ နာရီခွဲက အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပခဲ့သည်။
Dec 31, 2020
ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများမှာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းအခက် အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက် လည်း ကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံး နိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
Dec 31, 2020
နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်၏ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ခြင်း
Dec 31, 2020
စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်ရာ၌ ရရှိနိုင်မည့် အရင်းအမြစ်နှင့် စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြု ခြင်းဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ပုံနှင့် ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွား ရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ် ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Dec 31, 2020
ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်သည် ယနေ့ (ဒီဇင်ဘာလ ၃၁ ရက်နေ့)တွင် ကုန်ဆုံးပြီး ဖြစ်သည်။ နှစ်တို့သည် တစ်နှစ်ပြီးတစ်နှစ် တရွေ့ရွေ့ ကုန်ဆုံးခြင်းဖြင့် မမြဲသောဖြစ်ခြင်းပျက်ခြင်းကို ညွှန်းဆိုသည်။ ယင်းကို သင်္ခါရသဘောအဖြစ် ရှုမြင်နိုင်သကဲ့သို့ အနိစ္စသဘောချုပ်ငြိမ်းခြင်း အဖြစ်လည်း ဆင်ခြင်နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်း မဆုံးနိုင်သော သံသရာကြီးအစဉ်လည်နေခြင်းသည် ဓမ္မသဘော၊ လောကသဘော ဖြစ်မြဲဓမ္မတာသာ ဖြစ်သည်။
Dec 31, 2020
ကိုဗစ်ရောဂါ၏ အန္တရာယ်ကို ကမ္ဘာကြီးနှင့်အတူ ခုခံရင်း၊ ကာကွယ် ထိန်းချုပ်ကုသရင်း များစွာသောအချိန်တို့သည် ငြိမ်ဆိတ်အုံ့ဆိုင်းစွာ ၂၀၂၀ ပြည့်နှစ်ဟူသည့် နှစ်တစ်နှစ်ပင် ကုန်ဆုံးတော့မည်။ နှစ်တစ်နှစ် ကုန်ဆုံးသည်နှင့်အတူ နှစ်သစ်တစ်နှစ် ဖူးပွင့်လာပြီ။ နှစ်သစ်ဆန်းတော့မည်။
Dec 30, 2020
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို Video Conferencing စနစ်ဖြင့် ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 30, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြည်တွင်း/ ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Dec 30, 2020
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) ညတွင် ပွဲစဉ် (၄)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
Dec 30, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူအတွက် အသိပညာ မျှဝေပေးမည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များ တွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ပြသလျှက်ရှိသည်။