Skip to main content

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် (၃၃/၁၁)ကေဗွီ၊ ၅ အမ်ဗွီအေ မယ်ပြေကျွန်း ဓာတ်အားခွဲရုံသစ်ဖွင့်လှစ်

တွံတေး ဒီဇင်ဘာ ၃၁

လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပို့ရေးရှင်း ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ဂယက်လမီး ကျေးရွာအုပ်စု၊ မယ်ပြေကျေးရွာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်(၃၃/၁၁)ကေဗွီ၊ ()အမ်ဗွီအေ မယ်ပြေကျွန်း ဓာတ်အားခွဲရုံသစ်ဖွင့်ပွဲကို ယနေနံနက် ၉ နာရီခွဲက အဆိုပါ ဓာတ်အားခွဲရုံ၌ ကျင်းပခဲ့သည်။

ဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားပြီး တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မယ်ပြေကျွန်းအတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရေးအတွက် (၃၃/၁၁)ကေဗွီ၊ ()အမ်ဗွီအေ မယ်ပြေကျွန်း ဓာတ်အားခွဲရုံ ကဗ္ဗည်းကျောက်စာကို စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိူင်မြင့်၊ တွံတေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်တို့က စက်ခလုပ်နှိပ် ဖွင့်လှစ် ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကဗ္ဗည်းကျောက်စာအား အမွှေးနံသာများ ပတ်ဖြန်ပေးကာ မယ်ပြေကျွန်း ဓာတ်အားခွဲရုံအား လှည့်လည်ကြည့်ရှု့ ခဲ့ကြောင်း သိရသည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်သည် 33KV ကနောင်-ကွမ်းခြံကုန်းဖီဒါနှင့် 33KV လှိုင်သာယာ-တွံတေးဖီဒါတို့မှ ဓာတ်အားရယူထားသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး ကနောင်-ကွမ်းခြံကုန်းဖီဒါမှ Tap Off ရယူ၍ 33/6.6KV(5+5+5)MVA မူလမန်းဓာတ်အားခွဲရုံ 33KV လှိုင်သာယာ-တွံတေးဖီဒါမှ Tap Off ရယူ၍ 33/11KV(5)MVA ခတ္ထိယဓာတ်အားခွဲရုံ 33/11KV(10)MVA ဇီးဖြူးကုန်းဓာတ်အားခွဲရုံ စုစုပေါင်းခွဲရုံ()ရုံမှ တွံတေးမြို့ပေါ် ()ရပ်ကွက်နှင့် ကျေးရွာ(၁၃၂)ရွာတို့အား ဓာတ်အားဖြန့်ဖြူး ပေးထားကြောင်း သိရသည်။

တွံတေးမြို့နယ်အတွင်း မီးလင်းရန်ကျန်ရှိသည့် ကျေးရွာနေပြည်သူများ ယုံကြည်အားကိုးရသည့် အရည်အသွေး ပြည့်ဝသော လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် 33/11KV 5MVA ခလုပ်ဓာတ်အားခွဲရုံနှင့် 33/11KV 5MVA မယ်ပြေကျွန်း ဓာတ်အားခွဲရုံတို့အား တည်ဆောက်ခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်သော ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးရန် ထရန်စဖော်မာ(၂၂)လုံးဓာတ်အားရရှိသည့် ကျေးရွာ(၂၂)ရွာ၊ ဓာတ်အားရရှိမည့် အိမ်ထောင်စုပေါင်း(၃၂၂၅)စု လူဦးရေ(၁၆၀၇၀)ဦးနှင့် ၂၀၂၀ပြည့်နှစ် နှစ်အကုန်တွင် ထပ်မံ ဓာတ်အားရရှိမည့် ကျေးရွာပေါင်း(၆၃)ရွာ၊အိမ်ထောင်စု(၇၉၈၄)စု၊ ရရှိမည့်ဖြစ်ပြီး ၂၀၂၀ပြည့်နှစ် နှစ်အကုန်တွင် တွံတေး တစ်မြို့နယ်လုံး (၁၀၀)ရာခိုင်နှုန်း ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ရရှိတော့မည့်ဖြစ်ပြီး လူနေမှုအဆင့်အတန်း ပိုမိုမြင့်တက်လာကာ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ကျေးလက်နှင့် မြို့ပြမကွဲပြားဘဲ သာယာဖွံဖြိုးပြီး အေးချမ်းစွာ နေထိုင်နိုင်သည့် ကျွန်းတစ်ကျွန်း ဖြစ်တည်လာမည်ဖြစ်သည်။

မယ်ပြေကျွန်း လျှပ်စစ်မီးရရှိရေးအတွက် ပေ၁၇၀၀ ကျော်ရှိသော တိုးမြစ်ကို ခက်ခက်ခဲခဲ သွယ်တန်းရယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)