Jan 02, 2021
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ စိစစ်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 02, 2021
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၄၄)ဦးအား စင်ကာပူမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၃) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ည ၇ နာရီတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
Jan 02, 2021
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်နံနက် ၉ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာအနီးရှိ လမ်းဘေးလယ်ကွင်းစပ်ရှိ ကောက်ရိုးပုံအောက်တွင် မသင်္ကာဖွယ်အထုပ်များတွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ ငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၀၅ ကီလိုကို လည်းကောင်း။
Jan 02, 2021
အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး လွတ်လပ်သောနိုင်ငံတော်၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်သောနိုင်ငံတော်တွင် ထိန်းကျောင်းမောင်းနှင်နေသည့် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ထောက်ကန်အားပြုထားသော စတုတ္ထမဏ္ဍိုင်၊ ပဉ္စမမဏ္ဍိုင်တို့ အပြန်အလှန်အကျိုးပြု လည်ပတ်စီးဆင်းကောင်းမွန်မှုအတွက် ထိုနိုင်ငံတည်ဆောက်မှုနှင့် ဆီလျော်မှုရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိမဖြစ်လိုအပ်ပါသည်။
Jan 02, 2021
မုန်တိုင်းများ၊ မြေငလျင်လှုပ်ခတ်မှုများ၊ ရေလွှမ်းမိုးမှုများ၊ မိုးခေါင်ရေရှား ခြောက်သွေ့မှုများ၊ မြေပြိုမှုများအစရှိသည့် သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုသည် ကမ္ဘာသူ ကမ္ဘာသားတို့ကြား ဆွေးနွေးစရာများ၊ စဉ်းစားစရာများ အများအပြားဖြစ်စေခဲ့သည်။ အထူးသဖြင့် လူမှုအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်သည့် ချဲ့ထွင်မှုနေရာယူမှုများသည် ကမ္ဘာကြီးအပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက် ဩဇာလွှမ်းမိုးမှုနှင့် အတိုင်းအဆ ကြီးမားမှုကို နားလည်သဘောပေါက်ကာ သတိပြုမိလာကြသည်။
Jan 01, 2021
(၃၁-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၅,၇၃၅) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၄၁၂) ဦး တွေ့ရှိရပါသည်။
Jan 01, 2021
နိုင်ငံတစ်ဝန်းဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် တိုင်းဒေသကြီး /ပြည်နယ်အသီးသီးတွင် ပြည်သူ့စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် “အစိုးရသစ်နှင့် မြန်မာ့စာကြည့်တိုက်လောက” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်၊ Myanmar Book Aid and Preservation Foundation မှ ဒေါက်တာသန့်သော်ကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းမှ ဒေါ်ခင်နှင်းဦး၊ တကောင်း−တတ်သိပညာ စာကြည့်တိုက်မှ ဦးဆန်းနိုင်ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
Jan 01, 2021
(၁-၁-၂၀၂၁) ရက်နေ့၊ ညနေ (၆:၃၀)နာရီ
Jan 01, 2021
တောင်ငူမြို့ရှောင်လမ်း ဖောက်လုပ်ရာ၌ ပါဝင်သွားသည့် အုတ်တွင်းမြို့နယ်ရှိ တောင်သူများအား မြေယာ လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ်ခပေါင်းခန်းမတွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ပေးအပ်သည်။
Jan 01, 2021
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင်သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံစေတီ တော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် မဟာမင်္ဂလာအခမ်း အနားအကြို အသံမစဲ မဟာပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။