နေပြည်တော် ဒီဇင်ဘာ ၃၀
ယနေ့ကာလတွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများမှာ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် ယင်းအခက် အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းပေးနိုင်ရန်အတွက် လည်း ကောင်း၊ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ ဝယ်ယူစားသုံး နိုင်ရေးအတွက်လည်းကောင်း သမဝါယမကဏ္ဍမှ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန သမဝါယမ ဦးစီးဌာနအနေဖြင့် ဗဟိုသမဝါယမ အသင်း၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမ အသင်းစုချုပ်များနှင့် ညှိနှိုင်းပြီး No Profit, No Loss ဟူသော သမဝါယမ မူတစ်ရပ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။
ရောင်းချရန် အခက်အခဲရှိသည့် ရေထွက်ကုန်ပစ္စည်းထုတ်လုပ်သူများ အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများနှင့် သမဝါ ယမ အသင်းစုချုပ်များ၊ သမဝါယမ ဦးစီးဌာနရုံးချုပ် (ဖုန်း ၀၆၇-၃၄၁၀ ၃၄၁၊ ၀၆၇-၃၄၁၀၃၄၅)၊ ပဲခူးတိုင်း ဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၅၂-၂၂၂၂၅၂၁၊ ရန်ကုန်တိုင်းဒေသ ကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၁-၈၃၉၈၅၉၉ )၊ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန (ဖုန်း ၀၄၂-၂၄၃ ၂၆) သို့လည်းကောင်း ဆက်သွယ် အကူအညီရယူနိုင်ကြောင်း သိရ သည်။
သတင်းစဉ်