Dec 30, 2020
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၂၀၀ ကျပ်တန်) (၃)မျိုးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နတ်တော် လပြည့်ကျော် (၆)ရက် (တနင်္လာနေ့)၊ နံနက်(၉)နာရီခွဲမှစတင်၍ နေပြည်တော်ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက် များတွင် ရောင်းချပေးသွား မည် ဖြစ်သည်။
Dec 30, 2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ် ဒေသတွင် ထိုင်းနိုင်ငံ၊ PTTEP ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် Integrated Domestic Gas to Power Project ကို စတင် ဆောင်ရွက်နိုင်ရန်အတွက် Notice to Proceed ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
Dec 30, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၃၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ
(၂၉-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၂-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၀၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၈၇) ဦး တွေ့ရှိရပါသည်။
#Ministry of Health and Sports, Myanmar
Dec 30, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနအနေဖြင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီကောလိပ်များ (ရန်ကုန်နှင့်စစ်ကိုင်း)၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(၄၅)ကျောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း(၉)ကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင် တန်းကျောင်း (၄၆)ကျောင်းကို ကိုဗစ်-၁၉ အလွန်ကာလတွင် ပြန်လည်ဖွင့်လှစ် နိုင်ရေး ပြင်ဆင်ထားရှိမှုများနှင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် သင်တန်းကျောင်း များ၏ တည်ဆောက်ရေးလုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝနာရီက နယ်စပ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Systemဖြင့် ကျင်းပသည်။
Dec 30, 2020
သတ္တမ အကြိမ်မြောက် အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ ညှိနှိုင်းအစည်းအ ဝေးကို ယနေ့ မွန်းလွဲ ၁နာရီတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Dec 30, 2020
မြန်မာနိုင်ငံ ဒစ်ဂျစ်တယ်မီဒီယာအသင်း အသင်းသားများ ဖိတ်ခေါ်
Dec 30, 2020
လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများကြီးကြပ်ရေးကောင်စီ (၂/၂၀၂၀) အစည်းအဝေး ကို ဒီဇင်ဘာ ( ၂၉ ) ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ ရုံးအမှတ် (၁၂) ၌ Online စနစ် ဖြင့်ကျင်းပသည်။
Dec 30, 2020
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
Dec 30, 2020
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရေး စခန်းသွင်းလေ့ကျင့်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြန်မာအားကစား အဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက် ၉နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များမှအတွင်း ရေးမှူးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Dec 30, 2020
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ UPR လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ၏ သုံးသပ်မှုခံယူရေးအတွက် ညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။