နေပြည်တော်၊ ဒီဇင်ဘာ ၃၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများအနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် (နှစ်သစ်ကူးနေ့) ညတွင် ပွဲစဉ် (၄)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
အဆိုပါပွဲစဉ်တွင် စန္ဒရားကွန်းဇော် တေးဂီတအဖွဲ့နှင့်အတူ တေးသံရှင် သန်းမြတ်စိုး၊ နောင်ရဲထွဋ် ၊ ဝိုင်းလမင်းအောင်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ ဟေမာနေဝင်း၊ အိုပြည့်ရှင်၊ ခင်ပိုးပန်းချီနှင့် အေးမြဖြူတို့ကဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်ပြီး ယင်းတင်ဆက်မှုကို ဇန်နဝါရီ ၃ ရက် ၊ တနင်္ဂနွေနေ့ ၊ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်