Dec 20, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 20, 2021
ကချင်ပြည်နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း (၁၂)ကြိမ်မြောက် နှစ်နှစ်တာ ပုံမှန်သင်တန်း ဖွင့်ပွဲကို ယမန်နေ့က အဆိုပါကျောင်းထိုင်ဘုန်ကြီး သင်တန်းကျောင်းရှိ ဓမ္မဗိမာန်တော်၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦး နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 20, 2021
ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု ပင်ဖြစ်ကျေးရွာရှိ ရောင်ခြည်ဦးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်သည် လယ်ယာ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 20, 2021
တပ်မတော် (ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
Dec 20, 2021
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUG၊ CRPH နှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင် လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့ နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှ ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီးသိမ်းဆည်း ရမိလျက်ရှိပါသည်။
Dec 20, 2021
“ကိုဗစ် - ၁၉ ကပ်ရောဂါ လက်တွဲညီညာ တိုက်ဖျက်ပါ” ပညာရှင်အဆင့်နှင့် “ကိုဗစ်-၁၉ ကာကွယ်ရေး ပြည်သူအားလုံး ပါဝင်ပေး” ဝါသနာရှင်အဆင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုဝေးခန်းမတွင် ကျင်းပသည်။
Dec 20, 2021
၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစားလအတွင်း တပ်မတော်(ရေ) လက်အောက်ခံရေတပ်စခန်းဌာနချုပ်များနှင့် စစ်ရေယာဉ်စုများအလိုက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာတပ်များမှ အရာရှိ၊ စစ်သည်နှင့် မှီခိုမိသားစုဝင် စုစုပေါင်း ၃၅၇၁ ဦး ပါဝင်ဆင်နွှဲကြသည်။
Dec 20, 2021
"လွတ်လပ်ရေးဟူသည် လွယ်လွယ်နှင့်ရသည့်အရာ မဟုတ်”ဟူ၍ လူကြီးသူမများက ဩဝါဒပေးလေ့ ရှိကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့ကဲ့သို့ ဗြိတိသျှကိုလိုနီဘဝဖြင့် ရာစုနှစ်နှင့် ချီ၍ ကျရောက်ခဲ့ရသည့် နိုင်ငံများမှ မျိုးဆက်သစ်များကို သတိပေးကြခြင်းဖြစ်သည်။ သူ့ကျွန်ဘဝကို မမီ၊ လွတ်လပ်ရေးကြိုးပမ်းမှုများကိုမသိ၊ လွတ်လပ်ရေး၏ တန်ဖိုးကို နားမလည်သည့်အခါ လွတ်လပ်ရေး ခိုင်မြဲရန် ထာဝစဉ်ထိန်းသိမ်း စောင့်ရှောက်သွားကြရမည့် တာဝန်ဝတ္တရားအပေါ် လေးနက်မှုမရှိ ဖြစ်လာတတ်သည်။
Dec 20, 2021
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ဒီဇင်ဘာလ ၁၄ ရက်က ပြုလုပ်ခဲ့ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူ နိုင်ငံသား များ၏ လူမှုစီးပွားအခက်အခဲများကို တာဝန်ယူဖြေရှင်းပေးရမည်ဆိုသည့် နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများကြားရှိ ကတိကဝတ်တစ်ခုအတွက် လက်တွေ့ ဆောင်ရွက်မှုလုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း” ပြောကြားခဲ့သည်။
Dec 19, 2021
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁)၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင်တို့သည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပေါက်တော မြို့နယ်၊ ကြိမ်နီပြင် IDP စခန်းသို့ ရောက်ရှိပြီး IDP စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံအမှာစကား ပြောကြားကာ တင်ပြချက်များအပေါ် ပြန်လည် ရှင်းလင်းဆောင်ရွက်ပေးသည်။