Skip to main content

၂၀၂၁ ခုနှစ် တပ်မတော်(ရေ) ဌာနချုပ်၊ တပ်၊ စခန်း၊ စစ်ရေယာဉ်စုများ၏ ဒီဇင်ဘာလ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

နေပြည်တော် ဒီဇင်ဘာ ၁၉

၂၀၂၁ ခုနှစ် ဒီဇင်ဘာအားကစားလအတွင်း တပ်မတော်(ရေ) လက်အောက်ခံရေတပ်စခန်းဌာနချုပ်များနှင့် စစ်ရေယာဉ်စုများအလိုက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာတပ်များမှ အရာရှိ၊ စစ်သည်နှင့် မှီခိုမိသားစုဝင် စုစုပေါင်း ၃၅၇၁ ဦး ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား တပ်မှူးများက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလကုန်အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်