Skip to main content

Dec 20, 2021

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နေပြည် တော် ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း (AERDTC) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

GIS Advanced Course Training , Pilot Project in Social Data Collecting for Remote Sensing သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမဆောင်၌ ကိုဗစ် - ၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို တိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေး၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်တည်ငြိမ်တိုးတက် ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အားလျော့နည်း ပပျောက်မှုကျဆင်းစေရေးတို့အတွက် ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသ ကြီးအတွင်းရှိ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်အတူ ဒီဇင်ဘာ (၁၇)ရက် ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့ရှိ အဆင့်မြင့်စက္ကူ စက်ရုံ(သာပေါင်း)သို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် များကို အကျိုးရှိအောင် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်၊ ရာထူးတိုးမြှင့်ရေးကိစ္စရပ်များအား စက်ရုံခွဲများ အလိုက် အဆင့်အလိုက် တိုးမြှင့်ပေးနိုင်ရေး စီမံ‌ဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟို၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၉) ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

(၇၄) နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ ဌာနချုပ်မှူးဒိုင်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ရေတပ်လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု မြိတ်တောင်ကျေးရွာအနီးတွင် ထက်နိုင်ဦး မောင်းနှင်ပြီး နေမျိုး(ခ)နောင်ပိန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2021

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ရှိ သက်တော် ၇၅ နှစ်အထက်နှင့် ဝါတော် ၅၅ နှစ်အထက် သက်တော်ရှည် ဆရာတော်ကြီးများအား ဆဋ္ဌမ အကြိမ်မြောက် မဟာထေရပူဇာနှင့် ဩဝါဒခံယူပွဲကို အုတ်တွင်းမြို့နယ်ရှိ ဗောဓိကုန်းကျောင်းတိုက်၌ ကျင်းပရာ သက်တော်ရှည်ဆရာတော်ကြီး ၁၇ ပါး၊ အုတ်တွင်းမြို့နယ်သံဃာ့ဝန်ဆောင် သံဃာတော် ၉၄ ပါးနှင့် သာသနာ့နွယ်ဝင်သီလရှင် ၄၁ ပါး ကြွရောက်တော်မူကြပြီး အုတ်တွင်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်