Dec 19, 2021
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
Dec 19, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိသည်။
Dec 19, 2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲမှုပြုလုပ်ရန် လက်လုပ် မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် အကြမ်းဖက်သူ အမျိုးသား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Dec 19, 2021
ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းရေးကို မြန်မာနိုင်ငံအား ဖျက်လိုဖျက်ဆီးလုပ်သူများ၊ အစွန်းရောက်များနှင့် အကြမ်းဖက်အဖျက်သမားများမှလွဲ၍ နိုင်ငံသူနိုင်ငံသား အားလုံးက လိုလားမျှော်လင့်နေကြသည်။ ထို့ကြောင့်ငြိမ်းချမ်းရေးကိုလိုလားသူများနှင့် မလိုလားသူများကို ခွဲခြားရှုမြင်နိုင်ပြီး နိုင်ငံသား အများစုသည် ငြိမ်းချမ်းသာယာ ရေးကို စောင့်ကြိုနေကြပါသည်။
Dec 19, 2021
အကြမ်းဖက်သမားများက လူနေရပ်ရွာများကို အကာအကွယ် အဖြစ်အသုံးချကာ အကြမ်းဖက် အဖျက်လုပ်ငန်းများ ပြုလုပ်ကြခြင်းက ၎င်းတို့အတွက် အကျိုးအမြတ်ထွက်သော်လည်း ပြည်သူ လူထုအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။ လက်နက်ခဲယမ်းမီးကျောက်များ ကိုင်ဆောင်ထားကာ ရပ်ရွာများအတွင်း ခိုအောင်းနေကြသည့် အကြမ်းဖက်သမားများကို ဖမ်းဆီး ထိန်းသိမ်းရသည့်အလုပ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအဖို့ လွန်စွာခက်ခဲသည့် အလုပ်ဖြစ်သည်။ လက်နက်ကိုင်ထားသည့်ရန်သူနှင့် ရင်ဆိုင်နေရခြင်းနှင့် တစ်ချိန်တည်းမှာပင် ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် ဂရုပြုရှောင်ရှားရခြင်းတို့က ခက်ခဲရသည့် အကြောင်းရင်းများပင်ဖြစ်သည်။ ယခုအခါ အကြမ်းဖက်သမား တို့က လူနေရပ်ရွာများအတွင်း ခိုအောင်းနေကြပြီး အကြမ်းဖက် လုပ်ရပ်များ ပြုလုပ်နေကြသည်ကို လက်မခံနိုင်ကြတော့သည့် အတွက် ပြည်သူများကိုယ်တိုင် ဆန့်ကျင်နေကြပြီဖြစ်သည်။
Dec 18, 2021
နိုင်ငံတော်အစိုးရအနေဖြင့် CRPH NUG နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူ များအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအားဆောင် ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ အေးချမ်းစွာ နေထိုင်လိုသည့် တာဝန်သိပြည်သူများ၏သတင်းပေးချက်အရ ဒီဇင်ဘာလ ၁၇ ရက်တွင် သန်လျင်မြို့နယ်၊
Dec 18, 2021
(၁၈-၁၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
Dec 18, 2021
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဒေသ၊ သီရိမင်္ဂလာကုန်းမြေ၌ တည်ထားပူဇော်သည့် သမိုင်းဝင်ဆံတော်ရှင်ကျိုက်ဒေးဝိစေတီတော်မြတ်ကြီးအား ဘက်စုံ ပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၅ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ နတ်တော်လပြည့်နေ့ဖြစ်သည့် ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိပိဋကရွေးခြယ်ရေးအဖွဲ့ဩဝါဒါစရိယ၊ နိုင်ငံတော်ဗဟို သံဃဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နာဒါဘိဝံသ (သ.စ.အ ဓမ္မာစရိယဝဋံသကာ) ပါဋိပါရဂူ၊ ဗဟန်းညောင်တုန်းကျောင်းတိုက်နာယကဆရာတော်နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်)တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Dec 18, 2021
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)တို့၏ (၂၇)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Dec 18, 2021
၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (MINI GEMS EMPORIUM) ကို ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း(၂၂၀) ရောင်းချခဲ့ ရကြောင်းသိရသည်။