Skip to main content

ဒေသခံတိုင်းရင်းသား ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး ပြည်သူလူထုနှင့် ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်

တာချီလိတ် ဒီဇင်ဘာ ၂၆

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် ဒီဇင်ဘာ  ၂၅ ရက်နံနက်ပိုင်းတွင် မိုင်းဆတ် မြို့သို့ ရောက်ရှိပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း)  တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မိုင်းတုံမြို့နယ် မိုင်းခုတ်မြို့၊ ပုံပါကျင်မြို့နှင့် မုံထမြို့တို့မှ ဦးစီးမှူးများအား တွေ့ဆုံသည်။ မွန်းလွဲ ပိုင်းတွင် မိုင်းဆတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်ဦးစီးမှူး၊ ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများ၊ မိုင်းဖြတ်မြို့နယ် မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့နှင့် ကျိုင်းလပ်မြို့တို့မှ ဦးစီးမှူးများအား တွေ့ဆုံ၍ တာချီလိတ်မြို့ ထပ်ဆင့်လွှင့်စက်ရုံကို ကြည့်ရှု  စစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားဒေသများတွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်၍ ဒေသခံတိုင်းရင်းသား ဓလေ့ထုံးစံများကို လေးစား လိုက်နာပြီး ပြည်သူလူထုနှင့်  ရင်းနှီးခင်မင်စွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ လက်ရှိဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်မှုများ ပပျောက်ရေးနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပူးပေါင်းပါဝင်ကြရေး စည်းရုံးဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ကာကွယ်ရေးကို အရှိန် အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန်၊ နိုင်ငံတော်က အားကိုးရသည့် ဗလငါးတန်နှင့် ပြည့်စုံပြီး အတတ်ပညာ၊ အသိပညာပြည့်ဝသော လူငယ်လူရွယ်များ ဖြစ်လာစေရေး လူငယ်ပြုစုပျိုးထောင် ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့သည်။

သတင်းစဉ်