နေပြည်တော် ဒီဇင်ဘာ ၂၆
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနိုင်သော Sinovac ကာကွယ်ဆေးများနှင့် လူငါးဦးထိုးနိုင်သော Sinopharm ကာကွယ်ဆေးများကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ Sinovac ကာကွယ် ဆေး ၃၀၀၀၀၀ လုံးနှင့် ဆေးထိုးအပ် ၃၂၀၀၀၀ ချောင်း၊ ရန်ကုန်တိုင်း ဒေသကြီးသို့ Sinovac ကာကွယ်ဆေး ၃၀၀၀၀၀ လုံး၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့သို့ Sinopharm ကာကွယ်ဆေး ၂၅၆၀၀ လုံး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ Sinopharm ကာကွယ်ဆေး ၁၂၄၆၀ လုံး၊ နေပြည်တော်ကောင်စီ နယ်မြေသို့ Sinopharm ကာကွယ်ဆေး ၁၆၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၂၈၀၀၀ ချောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ Sinopharm ကာကွယ်ဆေး ၂၀၀၀၀ လုံး၊ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ Sinopharm ကာကွယ်ဆေး ၁၄၄၀ လုံးနှင့် Sinovac ကာကွယ်ဆေး ၁၅၀၀၀ လုံး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ Sinopharm ကာကွယ်ဆေး ၁၆၀၀၀ လုံးနှင့် ဆေးထိုးအပ် ၁၉၈၄၀၀ ချောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့သို့ Sinovac ကာကွယ်ဆေး ၉၅၉၂၈ လုံးနှင့် ပြည်မြို့သို့ Sinovac ကာကွယ်ဆေး ၅၄၀၇၂ လုံး၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ Sinovac ကာကွယ်ဆေး ၂၅၀၀၀လုံး တို့ကို မြေပြင်ခရီးလမ်းကြောင်းမှ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ပို့ဆောင်ပေးရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်