Skip to main content

မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လစ်လပ်လျက်ရှိသည့် ရာထူးများအတွက် လာရောက်ဖြေဆိုသူ ၁၈၈ ဦးရှိ

နေပြည်တော်  ဒီဇင်ဘာ ၂၆

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး၊ အငယ်တန်းအင်ဂျင်နီယာ () ပုံဆွဲ () နှင့် စာရင်းကိုင် () ရာထူးအလွှာ ၈၃ နေရာ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် သတင်းစာတွင် ကြော်ငြာထည့်သွင်း လျှောက်လွှာခေါ်ယူခဲ့သော ရေးဖြေစာမေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေရှိ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပရာ ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများသည် ရေးဖြေစာမေးပွဲဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

အဆိုပါ ရေးဖြေစာမေးပွဲတွင် ဒုတိယဦးစီးမှူး၊ အငယ်တန်း အင်ဂျင်နီယာ() ပုံဆွဲ () နှင့် စာရင်းကိုင် () ရာထူးအလွှာ ၈၃ နေရာအတွက် မြန်မာစာ၊  အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ () ဘာသာ စစ်ဆေးခဲ့ပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၈၈ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်