Skip to main content

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၇

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၂၀ တွင် မြိတ်မြို့နယ် ရှမ်းထိန်းကျေးရွာရှိ အောင်နိုင်ဝင်း၏ ဖူဆယ်ဘောလုံးကွင်းသို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကို သိမ်းဆည်းရမိသည်။

အလားတူ နံနက် ၈ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ ခရူတောရပ်ကွက်နေ ဇေယျာဖြိုး(ခ) စူလာမန်၏နေအိမ်တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၀၈၀၀ ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ် တာပန်ချောက်ကျေးရွာနေ လောက်တား၏ နေအိမ်သို့ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၃ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀ တို့ကို လည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ကွတ်ခိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင်မြို့နယ် နောင်ဗျက်ကျေးရွာအနီးတွင် လိကွယ်တုန်းအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား