Skip to main content

ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ် ဓာတုပစ္စည်း (Toluene) များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့ ပူးပေါင်း၍ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီခွဲ၌ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် စစ်ဆေးရေးစခန်းတွင် မန္တလေးမှလားရှိုးဘက်သို့ ဇော်မင်းလွင် မောင်းနှင်ပြီး ကောင်းမြတ်စံ လိုက်ပါလာသည့် ၁၈ ဘီး တွဲကားမော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသော သံပီပါများအတွင်းမှ တရားမဝင်သယ်ဆောင်လာသည့် ဒေသ ကာလတန်ဖိုး ငွေကျပ်သိန်း ၁၇၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(Toluene) ၁၂၈၀၀ လီတာ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။

သတင်းစဉ်