Skip to main content

မြစ်ကြီးနားမြို့တွင် ငွေကျပ်သိန်း ၅,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  

မြစ်ကြီးနားမြို့တွင် ငွေကျပ် သိန်း ,၉၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ရက် ညနေ နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီး (ဂျန်မိုင်ကောင်း)ရပ်ကွက်၊ အိမ်အမှတ်(၂၄၉)နေ မခေါန်ဆန်၏နေအိမ်အား သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ,၉၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ဒသမ ၇၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ဒသမ ၃၆ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)