Skip to main content

Feb 11, 2022

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ အမှုထမ်းများ အရည်အချင်းမြှင့် မွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးရုံး၊ ရုံးအမှတ်(၄၁) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမည်စာလုံးစာသား သရုပ်ဖော်နှင့် ဘင်ခရာအဖွဲ့တို့ဖြင့် ပါဝင်ဆင်နွှဲကြမည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း နှစ်ဖွဲ့ခွဲ၍ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ လာရောက် လေ့လာမှုနှင့်အတူ မြန်မာ့ရုပ်မြင်သံကြား၏ ဖျော်ဖြေတင်ဆက်မှုများ၌ ပါဝင်သီဆိုကခုန်ပြီး အပန်းဖြေကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ပါဝင် ပြသမည်ဖြစ်ပြီး အဆိုပါ ဂုဏ်ပြုယာဉ်များကို ပြည်သူများ လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်လျက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း ခင်းကျင်းပြသထားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားရိုးရာ အစားအစာများ ပြုလုပ်ရောင်းချမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

မြန်မာနိုင်ငံသို့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management-AHA Centre) မှတစ်ဆင့် ပေးအပ်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဒုတိယအဆင့်အတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများ ပေါင်းစပ်ညှိနှိုင်းနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (Task Force)၏ စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နေပြည်တော်၌ ကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆင်နွှဲမည့် မွန်ပြည်နယ်မှ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ ညနေပိုင်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြ မည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးမြို့ ခုတင်(၂၀၀)ဆံ့ ခရိုင်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်